Sunday, December 5, 2010
ပင်လယ်ကွေ့ တွင်းရှိ ဖိတ်စင်ရေနံများ ရှင်းလင်းရန် ဧရာမ သဘောင်္ကြီးရောက်ရှိ
ပင်လယ်တွင်း မျောပါနေသော ရေနံများ အားဖယ်ရှား ရန် အတွက် ကမ္ဘာ့ အကြီးဆုံး ရေနံ ဖယ်ရှားရေးသင်္ဘောကြီး ကို လူဝီစီယားနား ပြည်နယ် အနီးတွင် တွေ့ ရစဉ်
ဘောလုံးကွင်း လေးကွင်းစာ အကျယ်ရှိ ပြီး ဆယ်ထပ်တိုက် အဆောက်အဦ တစ်လုံး နှင့် ညီမျှ သည့် ကမ္ဘာ့အကြီးဆုံး ဖိတ်စင်ရေနံ ရှင်းလင်း ရေး သင်္ဘောကြီးသည် လူဝီစီယား နား ပြည်နယ်ရှိ မစ္စစ္စပီ မြစ်ဝ သို့ ယမန်နေ့ က ရောက်ရှိလာသည် ဟု သိရသည်။ဝေလငါး ‘A Whale ‘ဟု အမည်ပေးထားသည့် ထို သင်္ဘောကြီးသည် ထိုင်ဝမ် သင်္ဘော ကုမ္ပဏီ အုပ်စု တစ်
ခုဖြစ်သည့် TMT Shipping မှ ပိုင်ဆိုင်ပြီး တောင်ကိုရီးယား နိုင်ငံတွင် တည် ဆောက် ခဲ့ခြင်း ဖြစ်သည်။
ထို သင်္ဘောကြီး သည် ပင်လယ်တွင်း မှ ရေနံစိမ်း စည် ပေါင်း ငါးသောင်း ခန့် ကို နေ့ စဉ် စုပ်ယူ နိုင်သည်။
အဆိုပါ သင်္ဘော ကို ယခင်နှစ်ကတည်းက ရေနံတင် သင်္ဘော အဖြစ် ရည်ရွယ် ဆောက်လုပ် ခဲ့ခြင်းဖြစ်ပြီး
ပင်လယ်ကွေ့ တွင် ရေနံယိုဖိတ်မှု ဖြစ်ပေါ်မှ ရေနံစိမ်း ဖယ်ရှား ရေး သင်္ဘော အဖြစ်ပြင်ဆင် ဆောက်လုပ်ခဲ့
ခြင်း ဖြစ်သည်။
A Whale သည် လေယာဉ်တင် သင်္ဘော ပမာဏ အရွယ်နီးပါးရှိသည်။
Labels:
ဗဟုသုတ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment