ဓာတ်ပုံပြခန်း




ကန္တာရနှင်းဆီ

ထူးဆန်းပင်များ

ရီမင်နိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ ဆိုဂိုထရာကျွန်းကလေးဟာ ကမ္ဘာပေါ်က ထူးဆန်းတဲ့
ဒေသတစ်ခုထဲမှာ အပါအ၀င်ဖြစ်ပါတယ်.. အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းစုလေးဖြစ်တဲ့

ဆိုဂိုထရာကျွန်းဟာ လူသူအရောက်အပါက်နည်းပြီးတော့ သီးခြားကမ္ဘာငယ်လေးတစ်ခုလို

ဖြစ်နေတာကြောင့် လွန်ခဲ့တဲ့ ရှေးနှစ်သန်းပေါင်း ၂၀ ကတည်းက ရှိခဲ့ပြီး

ယခုလက်ရှိ ဘယ်နိုင်ငံ ဘယ်ဒေသမှာမှ မတွေ့နိုင်တော့တဲ့ ထူးထူးဆန်းဆန်း

ရှားပါးအပင်တွေ၊ သတ္တ၀ါမျိုးစိတ်ပေါင်း ၇၀၀ ကျော်ခန့်ကို တွေ့ရှိရတာကြောင့်

ကမ္ဘာမြေပေါ်က ကျွန်းနဲ့မတူဘဲ ဂြိုလ်သားတွေရဲ့ နေရာဒေသတစ်ခုနဲ့ တူနေတာမို့

ထူးဆန်းတဲ့ဒေသတစ်ခုအဖြစ် ထင်ရှားလာတာ ဖြစ်ပါတယ်..




Dragon’s Blood Tree


ဆင်ခြေထောက်ကြီးနဲ့ တူတဲ့ ကြီးမားတဲ့ ကန္တာရ နှင်းဆီပင်ကြီးတွေလဲ ရှိပါရဲ့။

အချို့ကတော့ အဲဒီ ဆိုဂိုထရာ ကျွန်းကလေးကို စိတ်ကူးယဉ်ကမ္ဘာထဲက နယ်မြေလေးလို့ တင်စား ခေါ်တတ်ကြပါတယ်..
လှပဖြူဖွေးတဲ့ သဲသောင်ပြင်နဲ့အတူ တာကွိုဇ် ကျောက်ဆောင်တွေနဲ့
ပြည့်နှက်နေတဲ့ ကမ်းခြေရှိပြီးတော့ ထုံးကျောက်တောင်ကြီးတွေဆီကို တဖြေးဖြေး
မြင့်တက်သွားကာ ကျောက်ဆောင်တွေလည်း ပတ်လည်ဝန်းရံလို့နေပါတယ်..
အဲဒီကျောက်တောင်တွေမှာလည်း လိုဏ်ဂူတွေများစွာ ဖြစ်ပေါ်နေတယ်လို့
သိရပါတယ်..ကျွန်းပေါ်မှာတော့ ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတု ရှိပါတယ်..
နီရဲနေတဲ့ ပင်စည်ကိုင်းတွေရှိပြီး ကောင်းကင်ပြင်ပေါ် ပြန့်ကားကာ ပျံတက်နေတဲ့
ပုံသဏ္ဍာန်ရှိ နဂါးသွေးပင် Dragon’s Blood ၊ ကန္တာရနှင်းဆီပင်ကြီးများနှင့်
ထူးခြားဆန်းကျယ်တဲ့ အပင်များစွာ ကိုလည်း တွေ့ရှိနိုင်ပါတယ်..
ရေငုတ်ဝါသနာပါသူများအတွက်လည်း အာရေဘီယံ ပင်လယ်ပြင်ကြီးထဲမှာ လှပတဲ့
ရေအောက်ရှုခင်းတွေ သန္တာကျောက်တန်းကြီးတွေကို ကြည့်လို့ရနိုင်ပါတယ်..